OECD ၏ ဒုတိယအကြိမ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မူဝါဒသုံးသပ်ချက်နှင့်စပ်လျဉ်းသည့် အစည်းအဝေး ကျင်းပပြုလုပ်

Print Friendly, PDF & Email

OECD ၏ ဒုတိယအကြိမ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမူဝါဒ သုံးသပ်ချက်နှင့်စပ်လျဉ်းသည့် Virtual Meeting တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် အရာထမ်းများ၊ OECD မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် OECD Investment Committee ဥက္ကဋ္ဌ  Mr. Manfred Schekulin တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပြုပြင်ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်အတွက် မူဝါဒပိုင်းဆိုင်ရာ သုံးသပ်ချက်များဖြစ်သည့် “OECD ၏ ဒုတိယ အကြိမ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမူဝါဒသုံးသပ်ချက်” နောက်ဆုံးမူကြမ်းအပေါ် မေးမြန်းဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြပါသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းနှင့် OECD Investment Committee ဥက္ကဋ္ဌ Mr. Manfred Schekulin တို့က နိဂုံးချုပ်အမှာ စကားအသီးသီးပြောကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ ပါသည်။