
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Myanmar Magic Link Company Limited သို့ လည်းကောင်း၊ OK-9 ကွန်ကရစ်မီးတိုင် ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသော Pakokku Star Group Company Limited သို့ လည်းကောင်း၊ ရေစကြိုမြို့နယ်ရှိ CMP စနစ်ဖြင့် လက်အိတ် အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိသော Myanmar Kuroda Company Limited သို့ လည်းကောင်း ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၃ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါ သည်။
