
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသော 16th China- ASEAN Expo 2019 သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိပါသည်။
အဆိုပါ ကုန်စည်ပြပွဲ၏ ပထမနေ့ဖြစ်သော ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပသော ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး စကားဝိုင်းဆွေးနွေးပွဲသို့ လည်းကောင်း၊ ဒုတိယနေ့ ဖြစ်သော ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် Golden Myanmar National Promotion Conference သို့လည်းကောင်း တက်ရောက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးချုပ်မှ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေး ဆောင်ရွက်ထားမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ကုန်စည်ပြပွဲ၏ တတိယနေ့နှင့် စတုတ္ထနေ့များတွင် ပြည်တွင်း စက်မှုဇုန်နှင့် လုပ်ငန်း များသို့ လေ့လာရေး ခရီးသွားရောက်ကြမည် ဖြစ်ပါသည်။


