“မြန်မာဂိုး(လ်)ဒင်းပွိုင့်ကုမ္ပဏီလီမိတက်”သို့ ကွင်းဆင်းခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်တွင် ထုတ်လုပ်မှုအပေါ် အချိုးကျခွဲဝေသည့်စနစ်ဖြင့် ရွှေသတ္တုထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိသော မြန်မာဂိုး(လ်)ဒင်းပွိုင့်ဖယ်မလီ ကုမ္ပဏီလီမိတက်သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်း အဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၂ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။