PRIVATE SECTOR DEVELOPMENT နှင့် PUBLIC-PRIVATE PARTNERSHIP ခေါင်းစဉ်များဖြင့် ဌာနတွင်းဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း

Print Friendly, PDF & Email

Private Sector Development နှင့် Public-Private Partnership ခေါင်းစဉ်များဖြင့် ဌာနတွင်းဆွေးနွေးပွဲအား ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဌာနခွဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီး ရုံးများမှ ဝန်ထမ်းစုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။