
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် တနင်္သာရီတိုင်းဒေသ ကြီး၊ ထားဝယ်ခရိုင်၊ ဇလွန်းကျေးရွာတွင် ရာဘာမှိုင်းခံစက်ရုံနှင့် ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်း ဆောင်ရွက်လျှက်ရှိသော Dawei Dragon Co., Ltd.သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တို့မှတာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သည့်ကွင်းဆင်းအဖွဲ့သည် ကုမ္ပဏီမှ စီးပွားဖြစ်စတင်သည့်နေ့ သတ်မှတ် ပေးပါရန် တင်ပြလာခြင်းကိစ္စနှင့်စပ်လျဉ်း၍ ၂၀၂၀ပြည့်နှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် သွားရောက် ကွင်းဆင်းပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
