
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရှိ သက်ဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးများမှ တာဝန်ရှိ ပုဂ္ဂိုလ်များသည် ရန်ကုန်တိုင်း ဒေသကြီး၏ လယ်ယာ၊သားငါးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေသည့် ပုဂ္ဂလိက ကုမ္ပဏီများ၊ သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် Covid-19 ဖြစ်ပေါ်နေစဉ်ကာလ၊Covid-19 နောက်ပိုင်း ကာလများတွင် ရန်ကုန်တိုင်းဒေသကြီး၌ လယ်ယာ၊ သားငါးကဏ္ဍများအား ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးတက် မြှင့်တင်နိုင်ရေးအတွက် Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးသို့ ကုန်သည်စက်မှု အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌနှင့် မွေးမြူရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင် (၁၉)ဦး တက်ရောက် ပြီး စိုက်ပျိုးရေးထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေးနှင့် စားသောက်ကုန်များ ဘေးကင်းလုံခြုံရေးကိစ္စရပ်များ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ မြေ အသုံးချမှုကိစ္စနှင့် MsME များအတွက် ဇုန်များ ထူထောင်ပေးရေး ကိစ္စရပ်များ၊ ဆန်စပါးနှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ ပဲ၊ပြောင်း၊နှမ်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချခြင်းကိစ္စရပ်များ၊ ဆီထွက်သီးနှံကိစ္စရပ်များ၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ငါးလုပ်ငန်း ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။