
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် တည်ပြုမိန့်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် အသင့်စားခေါက်ဆွဲများ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိသော Ayeyarwaddy Success Venture Foods Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ပြည့်နှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် သွားရောက်၍ ပုံမှန်ကွင်းဆင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။
