ခင်ရှမ်းမြန်မာ ကုမ္ပဏီ လီမိတက် သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက်ရှိသည့် ချောင်းဦးမြို့နယ်၊ မုံရွာခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် သစ်သီးစွပ် စက္ကူအိတ်၊ သစ်သီးစွပ်ဖော့အိတ်နှင့် သစ်သီးထည့် ပလတ်စတစ်ခြင်း ပြုပြင်ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသော ခင်ရှမ်းမြန်မာ ကုမ္ပဏီလီမိတက်သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၅ ရက်နေ့တွင် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စနှင့်စပ်လျဉ်း၍ သွားရောက်စစ်ဆေး ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။