
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် Manufacturing Of Specialty Chemicals For The Construction Industry ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ် ၃၁၊ မြေတိုင်းရပ်ကွက် အမှတ် ၁၄၃/၁၊ ကျန်စစ်သားရိပ်မွန် စက်မှုဇုန်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ SIKA MYANMAR LIMITED နှင့် Manufacturing of Thermal Cutoffs, Thermal Link, Transformer, Choke Coil & Switch on CMP Basis ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ် (၄၇၅/က)၊ယောက်ကော်လမ်း၊မြေတိုင်းရပ်ကွက် အမှတ်(၂၃)၊စက်မှုဇုန်(၁)၊ တောင်ဒဂုံ မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးရှိ EARTH TAMURA ELECTRONIC (MYANMAR) CO., LTD. တို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီး ဌာန ၊ အလုပ်သမားဝန်ကြီးဌာနနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ်အစီရင်ခံစာ၊ စက်ပစ္စည်း တပ်ဆင်ထားမှု အခြေအနေ၊ အလုပ်သမား ခန့်ထားမှု၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိက စက်မှုမှတ်ပုံတင် အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မှုအခြေအနေ စသည်များကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
