
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမာလာမျိုးညွန့်နှင့် အရာရှိ(၂)ဦး တို့သည် ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်သည့် “ထိုင်းနိုင်ငံ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်(၂၀၁၇)”သို့ တက်ရောက်ခဲ့ပါသည်။ ဖိုရမ်၌ ညွှန်ကြားရေးမှူး ဒေါက်တာမာလာမျိုးညွန့် သည် “Investment Trend and Economic Situation in Myanmar” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှု ပြခန်း တွင် ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသည့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သတင်းအချက် အလက်များအား ပြသခြင်းနှင့် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံသူများမှ မေးမြန်းချက်များကိုပြန်လည် ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ဖိုရမ်သို့ ထိုင်းနိုင်ငံမှ အလားအလာကောင်းသော ရင်းနှီးမြှုပ်နှံသူ (၁,၀၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။


