
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုမိန့် ထုတ်ပေးထားသော လုပ်ငန်းများအား ပြန်လည် သုံးသပ် စိစစ်ခြင်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးအား ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေသော ကုမ္ပဏီ(၅) ခု ၏ လုပ်ငန်း ဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် အခြေအနေအား စိစစ်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။
