
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် Singapore Institute of International Affairs (SIIA) တို့ ပူးပေါင်း၍ “Investment Future in Myanmar: Clear Skies or a Cloudy Forecast?” ခေါင်းစဉ်ဖြင့် Minister’s Dialogue ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ နေ့လည် ၁၂:၀၀ နာရီမှ ၁၅:၀၀ နာရီအထိ ဆီဒိုးနားဟိုတယ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ Dialogue သည် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍများအပေါ် ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးရန်နှင့် ဆွေးနွေးမှုရလာဒ်များအား SIIA မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြမည့် အထူးအစီရင်ခံစာတွင် ထည့်သွင်းသွားရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
အဆိုပါ Minister’s Dialogue တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံ အတွက် ဦးစားပေး စီးပွားရေးကဏ္ဍအသစ်အကြောင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။ ၄င်းနောက် Panel Discussion အား ဆက်လက်ပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသည့် စင်ကာပူနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။
Minister’s Dialogue သို့ စင်ကာပူနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။


