
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

လက်ရှိဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများရေးဆွဲရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးရန်နှင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ ရည်မှန်းချက်များ(၂၀၃၀ ခုနှစ်) ပြည့်မှီစွာ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် အထောက်အပံ့ဖြစ်စေမည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု စာချုပ်များ ချုပ်ဆိုသည့်စနစ် တိုးတက်စေရေး နည်းလမ်းများအား ရှာဖွေကြရန် ရည်ရွယ်၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်နှင့် ရေရှည်ဖွံဖြိုး တိုးတက်မှုဆိုင်ရာ ဒေသတွင်း ဆွေးနွေးပွဲနှင့် ( ၆ ) ကြိမ်မြောက် အာရှ- ပစိဖိတ် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ကွန်ယက်ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် United Nations Conference Center ၌ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိပါသည်။
