
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အထောက်အကူဖြစ်စေရန်အတွက် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးနှင့် မြန်မာနိုင်ငံရှိ ထိုင်း စီးပွားရေး လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ကြီးမှူးကျင်းပသည့် Myanmar Insight 2017 ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဗန်ကောက်မြို့ရှိ Sofitel Grand Sukhumvit Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ ဦးမိုးကျော်တို့သည် စကားဝိုင်း ဆွေးနွေးပွဲတွင် Promoting Trade & Investment in Myanmar ခေါင်းစဉ်ဖြင့် ပါဝင် ဆွေးနွေးခဲ့ပါသည်။


