
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေချိန်အတွင်း တွေ့ကြုံနေရသည့် လုပ်ငန်းဆောင်ရွက်မှု ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူး (စီမံ) တို့သည် DICA ရုံးချုပ်မှလည်းကောင်း၊ ဦးစီးမှူးများသည် သက်ဆိုင်ရာ ရုံးတည်ရှိရာ နေရာများမှလည်းကောင်း ပါဝင် တက်ရောက် ခဲ့ကြပါသည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားပြီး Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေချိန်အတွင်း ဦးစီးမှူးရုံးများတွင် လုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်သည့်အခြေအနေများ၊ တွေ့ကြုံနေရသည့် အခက် အခဲများ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
ထိုနောက် ညွှန်ကြားရေးမှူးချုပ်က ဉီးစီးမှူးများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ၁၂:၀၀ နာရီအချိန်တွင် ရုပ်သိမ်း ခဲ့ပါသည်။
