
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် International Finance Corporation (IFC) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် Investment Policy Response for Post-COVID Situation နှင့်စပ်လျဉ်းသည့် Virtual Meeting တစ်ရပ်အား ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးချုပ်၌ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၅ ရက်နေ့၊ နေ့လည် ၁:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေး၌ Investment Policy Response for Post- COVID Situation နှင့်စပ်လျဉ်းသည့် မူဝါဒပိုင်းဆိုင်ရာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ရင်းနှီးမြှုပ်နှံသူ၏ နစ်နာမှုဖြေရှင်းသည့်နည်းလမ်း (Investor Grievance Mechanism – IGM) နှင့်ပတ်သက်သည့် စွမ်းရည်မြှင့်သင်တန်းပေးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အစည်း အဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများနှင့် IFC မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
