
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေချိန်အတွင်း တွေ့ကြုံနေရသည့် လုပ်ငန်းဆောင်ရွက်မှု ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီ တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူး (စီမံ) တို့သည် DICA ရုံးချုပ်မှလည်းကောင်း၊ ပြည်နယ်ဦးစီးမှူးများသည် သက်ဆိုင်ရာရုံးတည်ရှိရာနေရာများမှလည်းကောင်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားပြီး Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေချိန်အတွင်း ပြည်နယ်ဦးစီးမှူးရုံးများတွင် လုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်သည့်အခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
ထိုနောက် ညွှန်ကြားရေးမှူးချုပ်က ပြည်နယ်ဉီးစီးမှူးများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ၁၂:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

