
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် လမ်းခင်းကျောက်ဆိုဒ်စုံနှင့် မီးခံကျောက်အုတ်ခဲ ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် မြစ်ကြီးနားမြို့နယ်ရှိ ရွှေလမ်းအိမ်ကုမ္ပဏီလီမိတက်သို့ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့တွင် ကွင်းဆင်းသွားရောက်၍ ခွင့်ပြုမိန့်ရရှိပြီးနောက်ပိုင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
