
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့်ဖြင့် မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နေပြည်တော်၊ ဒိက္ခိဏသီရိ အသေးစားနှင့် အလတ်စားစက်မှုဇုန်အတွင်းရှိ Myanmar New Power Motorcycle Co., Ltd. ၏ စီမံကိန်းလုပ်ငန်းသို့ ၂၀၂၀ ပြည့်နှစ် မေလ ၂၉ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် မြေပြင်ကွင်းဆင်း ဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါသည်။
