
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်
၁။ Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၃/၂၀၂၀) ဆုံးဖြတ်ချက် အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ပထမအသုတ်အဖြစ် လုပ်ငန်း (၈၈) ခုကို ချေးငွေထုတ်ယူခွင့်ပြုခဲ့ရာ အဆိုပါလုပ်ငန်းများအနက်မှ မြန်မာ့စီးပွားရေးဘဏ်၏ စိစစ်ချက်အရ ချေးငွေထုတ်ပေးရန် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ပူးတွဲ (က) ပါ လုပ်ငန်း (၈၅) ခုကို ချေးငွေများထုတ်ပေးလျက်ရှိပါသည်။
၂။ ဆက်လက်၍ ဒုတိယအသုတ်အဖြစ် ပူးတွဲ (ခ) ပါ လုပ်ငန်း (၁၁၃) ခုအား COVID-19 Fund မှ ချေးငွေထုတ်ယူခွင့်ပြုလိုက်ပါသည်။
၃။ အဆိုပါ ချေးငွေထုတ်ယူခွင့် ရရှိသူများအား မြန်မာ့စီးပွားရေးဘဏ်မှ ဘဏ်လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေများ ထုတ်ပေးလျက်ရှိပါကြောင်းနှင့် ကျန်ရှိသည့် လျှောက်လွှာများအား ချေးငွေများ ဆက်လက်ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိပါ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပထမအသုတ် အဖြစ် ပူးတွဲ (က) ပါ လုပ်ငန်း (၈၅) ခု အား သိရှိနိုင်ပါရန်
ဒုတိယအသုတ်အဖြစ် ပူးတွဲ (ခ) ပါ လုပ်ငန်း (၁၁၃) ခု အား သိရှိနိုင်ပါရန်