
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အရ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လျှက်ရှိသော Myanmar Yatai International Holding Co., Ltd. သည် ကွင်းအမှတ် (OSS-၆၉-)၊ ရွှေကုက္ကိုရ်မြိုင်အပြင်ကွင်း၊ ဦးပိုင်အမှတ်(၂)၊ ပူလွဲပူကျေးရွာ၊ မြဝတီမြို့နယ်၊ ကရင် ပြည်နယ်ရှိမြေ ၆၂ ဧက အနက် ၂၅.၅ဧကတွင် မတည်ငွေရင်းပမာဏ၂၅.၅သန်းဖြင့် အဆင့်မြင့်ဗီလာ (၅၉) လုံးပါဝင်သော Construction, Operation and Leasing of High-End Villas လုပ်ငန်းနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့်အရ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လျှက်ရှိသောApex Rubber Co., Ltd. မြေကွက်အမှတ်-၉၊၁၂၊၂၃၊ ၂၉၊ ဦးပိုင်အမှတ်-၁၅၊၁၆၊၁၇၊၁၈၊ မြဝတီစီးပွားရေးဇုန် (၆)၊ မြဝတီမြို့နယ်၊ ကရင်ပြည်နယ်ရှိ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း တို့အားပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဦးဆောင်သောသက်ဆိုင်ရာဌာနများမှတာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင် စုစုပေါင်း (၁၂)ဦးပါဝင်၍ ၂၀၁၉ခုနှစ်၊ ဇွန်လ၂၁ရက်နေ့ တွင် သွားရောက်စစ်ဆေးပြီး လိုအပ် သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
