
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန နှင့် Asia Development Bank တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးကဏ္ဍ ဥပဒေရပ်ဝန်း တိုးတက် လာရေး အလုပ်ရုံဆွေးနွေးပွဲ (The Workshop on Improving Legal Environment for Investment and Financing) ကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် Kempinski Hotel နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးကဏ္ဍနှင့် ပတ်သတ်သည့် ဥပဒေရပ်ဝန်း ခိုင်မာစွာ တိုးတက်လာစေရေးအတွက် ဌာနများအကြား စွမ်းဆောင်ရည်မြင့်မားစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
ဆွေးနွေးပွဲတွင် ရင်းနှှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်များမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (စာချုပ် စာတမ်း မှတ်ပုံတင်ရုံး)တို့မှ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် Asia Development Bank (ADB)မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိဂကဏ္ဍမှ ဥပဒေရေးရာ ကျွမ်းကျင်သူများ ၊ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
