INTERNATIONAL TEXTILE & APPAREL FORUM MYANMAR 2019 သို့ တက်ရောက်ခြင်း

Print Friendly, PDF & Email

တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ The Union of Marketing and Strategy (UMS Institute) မှ ကြီးမှူးကျင်းပသည့် International Textile & Apparel Forum Myanmar 2019 ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အင်းယားလိတ်ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါဖိုရမ်သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဉီးစိုးမြင့်အောင် တက်ရောက်ခဲ့ပြီး “Policy Updates for Foreign Investors in Myanmar Textile Industry” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။ ဖိုရမ်သို့ ချည်မျှင်နှင့် အထည်ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့ပါသည်။