SHWE DAEHAN MOTRORS CO., LTD. သို့ ကွင်းဆင်းစစ်ဆေးရန် သွားရောက်ခဲ့ခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့်မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိသော ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Shwe Daehan Motors Co., Ltd. သို့ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် သွားရောက်ခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် Shwe Daehan Motors Co., Ltd. ၏ စီးပွားဖြစ်စတင်ရန် ဆောင်ရွက်ထားမှု အခြေအနေများအား စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။