INTERNATIONAL FINANCE CORPORATION မှ CORPORATE GOVERNANCE OFFICER ဖြစ်သူ MR. ANAR ALIYEV နှင့် တွေ့ဆုံဆွေးနွေးခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်သည် International Finance Corporation မှ Corporate Governance Officer  ဖြစ်သူ Mr. Anar Aliyev အား ၂၀၁၉ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထို့သို့တွေ့ဆုံစဉ် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုနှင့် ဆက်နွှယ်သည့် စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများနှင့် ပညာရပ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။