
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၁။ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက် များအား ရယူရန်ရည်ရွယ်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ခွင့်ပြုမိန့်/ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ၁၉၇ နှင့်အညီ သုံးလပတ် အစီရင်ခံစာအား သုံးလလျှင် တစ်ကြိမ် ကော်မရှင်သို့ တင်ပြရမည်ဖြစ်ပါသည်။
၂။ သို့ရာတွင် COVID-19 ရောဂါဖြစ်ပွားနေမှု ကာလအတွင်း ၂၀၂၀ ခုနှစ် ဧပြီလမှ ဇွန်လ အတွက် တင်ပြမည့် သုံးလပတ်အစီရင်ခံစာအား ၂၀၂၀ ခုနှစ် ဇူလိုင်လ မှ စက်တင်ဘာလအထိ တင်ပြမည့်သုံးလပတ်အစီရင်ခံစာ တင်ပြသည့်အချိန်တွင် ပူးတွဲ၍ တင်ပြနိုင်ပါကြောင်း အသိပေး ကြေငြာအပ်ပါသည်။
၃။ သုံးလပတ် အစီရင်ခံစာ တင်ပြခြင်းနှင့်စပ်လျဉ်း၍ ပြောင်းလဲခြင်း တစ်စုံတစ်ရာ ရှိပါက ကော်မရှင်မှ အချိန်မီ အသိပေး အကြောင်းကြားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်