
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဉက္ကဋ္ဌ ဉီးသောင်းထွန်းနှင့် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၁၃)ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် အခြား ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းအသစ် (၁၁)ခု ကို ခွင့်ပြု ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၅၅၅.၂၃၃) သန်း နှင့် ကျပ် (၅၁,၀၄၀.၂၆) သန်းရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃,၂၃၄)နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ COVID-19 ကြောင့် အလုပ်အကိုင်ရရှိရေး အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ လုပ်သားအခြေပြု လုပ်ငန်းများအား စနစ်တကျစိစစ် ခွင့်ပြုပေး လျက်ရှိပါသည်။
၂၀၂၀ ခုနှစ် မတ်လကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူ နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။ နိုင်ငံပေါင်း (၅၁)မှ စီးပွားရေးကဏ္ဍ (၁၂) ခု တွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု၏ (၂၆.၉၄%)ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၂၆%) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၁၈%) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။

