
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရှိ ဝန်ထမ်းများ၏ ဘာသာစကား စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် တရုတ်ဘာသာစကား အချိန်ပိုင်းသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်)၌ ၂၀၁၉ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး၊ ယဉ်ကျေးမှုဌာန၊ အတွင်းဝန် Ms. Haung Shan Shan တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းမှာ ၃ လကြာမြင့်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၂၅) ဦး တက်ရောက် သင်ကြားခဲ့ပါသည်။

