
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးနှင့် American Chamber of Commerce Myanmar (AMCHAM) တို့၏ အစီအစဉ်ဖြင့် ၂၀၁၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ တွင် Melia Hotel၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်သည့် စီးပွားရေးမစ်ရှင်နှင့် စီးပွားရေးဆိုင်ရာ နေ့လည်စာစားပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် တက်ရောက်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ မြန်မာနိုင်ငံရှိ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဥပဒေများ၊ စီးပွားရေးအခွင့်အလမ်းများနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် တိုးတက် ကောင်းမွန်ရေးအတွက် ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ယခုတွေ့ဆုံပွဲသည် အမေရိကန်ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာစီးပွားရေး ပတ်ဝန်းကျင် ဆိုင်ရာ အချက်အလက်များကို သိရှိနိုင်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး အမေရိကန် လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် လည်း စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း စီးပွားရေးချိတ်ဆက် ဆောင်ရွက်မှု အစီအစဉ် တွင်လည်း ပါဝင်တက်ရောက်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် သီလဝါ အထူး စီးပွားရေးဇုန်သို့ သွားရောက်လေ့လာကြမည်ဖြစ်ပါသည်။

