တာမိုးညဲချမ်းသာ သစ်အခြေခံ စက်မှု ကုမ္ပဏီ လီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လျက် ရှိသော  ဦးပိုင်အမှတ် (0/က) မြေကွတ်အမှတ်(783) ပတ္တမြားစက်မှုဇုန်၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိ တာမိုးညဲချမ်းသာ သစ်အခြေခံစက်မှုကုမ္ပဏီလီမိတက်သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၉  ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင်   သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။