
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဟောင်ကောင်၌ ၂၀၁၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြုလုပ်ကျင်းပလျက်ရှိသည့် တတိယအကြိမ် ရပ်ဝန်းနှင့် လမ်းကြောင်း ညီလာခံသို့ တက်ရောက်လျက်ရှိပါသည်။
၂၀၁၈ ခုနှစ် ဇွန်လ၂၇ ရက်နေ့တွင် ကျင်းပသော ရပ်ဝန်းနှင့်လမ်းကြောင်းကမ္ဘာ့ ဖိုရမ်၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းက အမှာစကား ပြောကြားခဲ့ ပါသည်။
ညနေပိုင်း၌ ဟောင်ကောင်ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသည် Marga Group နှင့် ပူးပေါင်းလျက် မြန်မာကိုယ်စားလှယ်အဖွဲ့အား ညစာဖြင့် ကြိုဆိုဧည့်ခံခဲ့ပါသည်။

