စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း (STARTING A BUSINESS) နှင့် အနည်းစု ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း (PROTECTING MINORITY INVESTORS) ဆိုင်ရာညွှန်းကိန်းများ တိုးတက်ရေးနှင့် စပ်လျဉ်းသော အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

Print Friendly, PDF & Email

ကမ္ဘာ့ဘဏ်အုပ်စု (World Bank Group) ၏ကူညီပံ့ပိုးမှုဖြင့် Doing Business အစီရင်ခံစာပါ ညွှန်းကိန်းများဖြစ်သည့် စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းနှင့် အနည်းစု ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ ညွှန်းကိန်းများ တိုးတက်ရေးနှင့်စပ်လျဉ်းသော အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့၊ နံနက် ၀၉း ၀၀ နာရီချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် ညွှန်ကြားရေးမှူးများအပါအဝင် World Bank Group မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အထောက်အကူပြုအဖွဲ့များမှ အဖွဲ့ဝင်များနှင့် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။