
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကမ္ဘာ့ဘဏ်အုပ်စု (World Bank Group) ၏ကူညီပံ့ပိုးမှုဖြင့် Doing Business အစီရင်ခံစာပါ ညွှန်းကိန်းများဖြစ်သည့် စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းနှင့် အနည်းစု ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ ညွှန်းကိန်းများ တိုးတက်ရေးနှင့်စပ်လျဉ်းသော အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့၊ နံနက် ၀၉း ၀၀ နာရီချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် ညွှန်ကြားရေးမှူးများအပါအဝင် World Bank Group မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အထောက်အကူပြုအဖွဲ့များမှ အဖွဲ့ဝင်များနှင့် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
