
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၅/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ တင်ပြလာသည့် အတည်ပြုချက်များအပေါ် ဆွေးနွေးစိစစ်မှု ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် ကော်မတီအဖွဲ့ဝင်များ၊ ကယားပြည်နယ် လမ်းပန်း၊ ဆက်သွယ်ရေးနှင့် လျှပ်စစ် ဝန်ကြီး ဦးခင်မောင်ဖြူ၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဇော်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်သူ၊ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလင်းဇော်ထွဋ် တို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူမှ တင်ပြလာသော အတည်ပြုမိန့်လျှောက်ထားလွှာ များပေါ် သုံးသပ်ခဲ့ကြပြီး တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၂)ခု အား အတည်ပြုမိန့် ထုတ်ပေး ရန် ဆုံးဖြတ်ခဲ့ကြပါသည်။


