
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဉီးစီးဌာနနှင့် ဟောင်ကောင်ကောင်စစ်ဝန်ချုပ်ရုံးတို့ ပူးပေါင်း၍ Myanmar Investment Promotion Seminar ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဟောင်ကောင်ရှိ HKTDC SMEs Centre, HKCEC ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဉီးသန့်စင်လွင်က အမှာစကားပြောကြားခဲ့ပြီး Panel Discussion တွင် ပါဝင်ဆွေးနွေးခဲ့ ပါသည်။
Myanmar Investment Promotion Seminar တွင် တက်ရောက်လာသည့် ရင်းနှီး မြှုပ်နှံသူများအား မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းဆိုင်ရာ အလားအလာများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားနိုင်ခဲ့သဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံ မှုများ ပိုမိုစီးဝင်လာစေမည်ဖြစ်ပါသည်။

