
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၇၈၃/၂၀၁၄)ဖြင့် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့် ဟိုတယ်လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အမှတ် ၁၄-အီး၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ Prime Residence Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ တည်ဆောက် ပြီးစီးမှုအခြေအနေ၊ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ပြင်ဆင်မွမ်းမံမှု ဆောင်ရွက်မှု အခြေအနေ၊ ဟိုတယ် အလှဆင်လုပ်ငန်းဆောင်ရွက်ထားမှု အခြေအနေ၊ ပြည်တွင်း ပြည်ပ ဝန်ထမ်း ခန့်ထားမှု အခြေအနေ၊ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။
