TRINITY APPARELS LIMITED သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော CMP စနစ်ဖြင့် အဝတ်အထည်နှင့် အတွင်ခံဝတ် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် မြေကွက်အမှတ် -၁၆၉၊ မြေတိုင်းရပ်ကွက်အမှတ်-၄၊ စက်မှုဇုန် – ၄၊ လှိုင်သာယာ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိTrinity Apparels Limited သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားမှုဦးစီဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ်အစီရင်ခံစာ၊ စက်ပစ္စည်း တပ်ဆင်ထားမှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုထည့်ဝင်ပြီးစီးမှု အခြေအနေ၊ ပတ်၀န်းကျင် စီမံခန့်ခွဲမှု အစီအစဉ်၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်အခြေအနေနှင့်အလုပ်သမားခန့်ထားမှုစသည် များကို ၂၀၁၇ ခုနှစ်၊ဩဂုတ်လ ၃၀ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။