
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ကာဗွန်ကွန်ပိုစစ်ပေါင်းစပ် တင်းနစ် ရိုက်တံ၊ ဟော်ကီရိုက်တံ၊ အားကစားစက်ဘီးဖရိမ်နှင့် အစိတ်အပိုင်းများ၊ အားကစားစက်ဘီး ဘီးများ ထုတ်လုပ်ခြင်းလုပ်ငန်းများအား CMP စနစ်ဖြင့် ဆောင်ရွက် လျက်ရှိသည့် Very Impressive Prospect Co., Ltd သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါ၀င် သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် တည်ဆောက်ရေးလုပ်ငန်းတိုးတက်မှု ၊ သုံးလပတ် အစီရင်ခံစာ၊ ထုတ်လုပ်မှု၊ စီးပွားဖြစ် စတင် ဆောင်ရွက်ပြီးစီးမှု၊ အလုပ်သမားခန့်ထားမှု၊ ပတ်၀န်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိကစက်မှု မှတ်ပုံတင်ခြင်း၊ လုပ်ငန်းခွင်လုံခြုံရေး၊ လုပ်ငန်းတိုးချဲ့ခြင်း စသည့် အခြေအနေများကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။