
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာလာမျိုးညွန့်သည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး ဖြစ်သူ Mr. David Cowen၊ ဌာနေကိုယ်စားလှယ် Mr. Neil Saker နှင့် Ms. Angsupalee အကြံပေး၊ ပြည်ပ စာရင်းအင်းဌာနတို့နှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ရုံးချုပ်၌ လက်ခံတွေ့ဆုံခဲ့ပါ သည်။
အဆိုပါ တွေ့ဆုံဆွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဉီးကျော်ဝင်းထွန်း၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲမှ အရာရှိများ တက်ရောက်၍ ၂၀၁၉ ခုနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စာရင်းကောက်ယူမှုဆိုင်ရာ တိုးတက်မှုအခြေအနေ၊ စာရင်းအင်း ကောက်ယူမှု အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ capacity development စီမံချက်အား ၂၀၂၁ ခုနှစ် အောက်တိုဘာလအထိ တိုးမြှင့်သွားရန်နှင့် DICA ဝန်ထမ်းများအား Central Bank မှ ပြုလုပ်သည့် Balance of Payment (BOP)ဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါ သည်။