
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လိုသည့် ပြည်တွင်းနှင့်ပြည်ပ စီးပွားရေး လုပ်ငန်းရှင် များအား ဖိတ်ခေါ်ရန် ရည်ရွယ်လျက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကို တဖက်တလမ်းမှ အထောက်အကူဖြစ်စေရန်အတွက် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၉ ရက် မွန်းလွှဲ ၂း ၃၀ နာရီတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ(၁)တွင် ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ရှင်းလင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ဦးညီပုနှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေမှူးချုပ် ဦးအောင်နိုင်ဦး၊ ဌာနဆိုင်ရာ အကြီးအကဲများ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အသင်းအဖွဲ့များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပြီး စုစုပေါင်း (၁၆၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးညီပု တို့မှ အဖွင့်အမှာစကား ပြောကြား ခဲ့ကြပြီး ပြည်နယ်ဘဏ္ဍာရေး အခွန် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းမှ ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင် များနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပြည်နယ်ဝန်ကြီးများမှ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

