
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

Korea International Trade Association နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ Lotte Hotel ၌ Korea-Myanmar Business Forum အား ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က “A Vision for Myanmar Industry Development and Foreign Investment Policy” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဖိုရမ်သည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ မြန်မာ-ကိုရီးယား စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခြင်းဖြစ်ပါသည်။
