
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် စစ်တွေမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများမှ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အစည်း အဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂) ခုမှ ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်ခွင့် အတည်ပြုမိန့်လျှောက်ထားလာခြင်းနှင့် Myanmar Global Investment Forum တွင် ပါဝင်ပြသမည့်အစီအစဉ်များအပေါ် ဆွေးနွေးခဲ့ကြပြီးအတည်ပြုမိန့်(၂)ခုအား ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါသည်။