
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းအသင်းတို့အကြား (၁၃) ကြိမ်မြောက် မြန်မာ – ဂျပန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ များအစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေး၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူနှင်းဝတ်ရည်က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေဆိုင်ရာအကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
