
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်)၊ ရန်ကုန်မြို့တွင်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ Pilot Survey ကောက်ယူရန် အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အလုပ် ရုံဆွေးနွေးပွဲကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် FDI Pilot Survey ပြုလုပ်နိုင်ရေး အတွက် questionnaire ပုံစံအား ဖြည့်သွင်းနိုင်ရေးအတွက်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါ သည်။ အဆိုပါ Pilot Survey လုပ်ငန်းစဉ်အား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ EU- ASEAN COMPASS နှင့် International Monetary Fund (IMF) တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
