
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့၏ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များဖြင့် ဆောင်ရွက်နေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားသိရှိနိုင်ရန်နှင့် လိုအပ်သည့်အကူအညီများပေးနိုင်ရေးအတွက် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအား ၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများ၊ လိုအပ်ချက်များအား သက်ဆိုင်ရာကုမ္ပဏီများ၏ တာဝန်ရှိသူများမှ တင်ပြဆွေးနွေးခဲ့ပြီး ပြည်နယ်ဝန်ကြီးနှင့် ဌာနဆိုင်ရာအသီးသီးမှ ပြန်လည်ရှင်းလင်းဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
အစည်းအဝေးသို့ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်အပါအဝင် အဖွဲ့ဝင် (၉) ဦး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်သတ္တုတွင်းဦးစီးဌာနနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နေသောကုမ္ပဏီ (၁၅) ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။