
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဝန်ထမ်းများ သတင်းရေးသားခြင်း၊ ဓါတ်ပုံပညာနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ပိုမို ကျွမ်းကျင်မှု ရှိစေရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန နှင့် Myanmar Journalism Institute (MJI) တို့ပူးပေါင်းကာ GIZ (Myanmar) ၏ အကူအညီဖြင့် သတင်းရေးသားခြင်းနှင့် ဓါတ်ပုံပညာသင်တန်း ပို့ချပေးလျက်ရှိပါသည်။ အဆိုပါ သင်တန်းအား စက်တင်ဘာလ ၂၀ ရက်နေ့မှ အောက်တိုဘာလ ၂၆ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး DICA မှ သင်တန်းသား ၂၅ ဦးခန့် တက်ရောက်လျက် ရှိပါသည်။ သင်တန်း အစီအစဉ်များတွင် သတင်းအခြေခံ ရေးသားနည်းသင်တန်း၊ ဓာတ်ပုံသင်ခန်းစာ ၊ Video Editing ၊ Facebook Page အသုံးပြုခြင်း နှင့် Media and Communication စသည့် သင်ခန်းစာများ ပါဝင် မည်ဖြစ်သည်။
