
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ( ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန) သည် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းများကို နိုင်ငံတကာစံညွှန်းနှင့် အညီ လိုက်ပါဆောင် ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက် စေရန်နှင့် မူဝါဒများချမှတ်နိုင်ရန်အရည်အသွေးပြည့်ဝသော စာရင်းအင်းသည် အလွန်အရေး ပါလှပါသည်။ မြန်မာနိုင်ငံတွင်လက်ရှိနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစာရင်းများသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (Myanmar Investment Commission)၏ ခွင့်ပြုစာရင်းကို အခြေခံသောကြောင့် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ စစ်တမ်းကိုစတင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
စစ်တမ်းကောက်ယူမှုတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု နှင့် stock positions တို့ကို တွက်ချက်သွားမည်ဖြစ်ပြီး နည်းပညာ အကူအညီကို EU- ASEAN COMPASS နှင့် IMF တို့မှ ရယူ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ စီမံချက်တွင် နိုင်ငံခြား ကုမ္ပဏီ (၁၀၇) ခုပါဝင်ပြီး ယင်းကုမ္ပဏီများမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ထားသော နိုင်ငံခြား ကုမ္ပဏီများအနက်မှ Randomly ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ကုမ္ပဏီ ၁၀၇ ခု အား အလုပ်ရုံဆွေးနွေးပွဲ ( ၃)ရက် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ ပြုလုပ်၍ ဘဏ္ဍာရေးနှင့် စာရင်းကိုင် အရာရှိများအား စာရင်းအင်း စစ်တမ်းပုံစံ survey form ဖြည့်စွက်နည်းအား ဆွေးနွေးပို့ချ သွားမည်ဖြစ်ပါသည်။ ယခု စစ်တမ်းသည် အခွန်ကောက်ခံခြင်းနှင့် မသက်ဆိုင်ဘဲ စာရင်းအင်း ဆိုင်ရာ သီးသန့် ရည်ရွယ်၍ အချက်အလက်များကို လျှို့ဝှက်ထိန်းသိန်းထားမည်ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွက်ချက်ခြင်း သီးသန့်သာ အသုံးပြုမည်ဖြစ်ပါသည်။
သို့ဖြစ်၍ တက်ရောက်မည့် ကုမ္ပဏီများအနေဖြင့် survey form အား ဖြည့်စွက်ပြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရုံးသို့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ မတိုင်မီ ပြန်လည်ပေးပို့သွားရန် ဖြစ်ပါသည်။ စစ်တမ်းပုံစံ survey questionnaire form အား ဌာန၏ ဝဘ်ဆိုက် www.dica.gov.mm တွင် ကြည့်ရှု၍လည်း ရယူနိုင်ပါသည်။
Guidelines to completing the Foreign Direct Investmen Survey