
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် တရုတ်- မြန်မာ စီးပွားရေးစင်္ကြန်တစ်လျှောက် အကောင်အထည်ဖော်လိုသည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ ဦးစားပေး အဆင့်သတ်မှတ်ရန် ညှိနှိုင်းအစည်းအဝေးအား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၌ သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ တာဝန်ရှိသူများနှင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော်က စီမံကိန်းများ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ကျင်းပသည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စား လှယ်များက ၎င်းတို့၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွား ရမည့်လုပ်ငန်းများ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသန်းအောင်ကျော်နှင့် ညွှန်ကြားရေးမှူးများ အပါအဝင် သက်ဆိုင်ရာဝန်ကြီး ဌာနများဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန တို့မှ ကိုယ်စားလှယ်များ စုစု ပေါင်း(၃၄)ဦး တက်ရောက်ခဲ့ပါသည်။
