
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင်15th China- ASEAN Expo 2018 ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပ ပြုလုပ်လျက်ရှိပါသည်။
အဆိုပါကုန်စည်ပြပွဲ၏ ဒုတိယနေ့ဖြစ်သော ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပသော Natural Myanmar Promotion Conference နှင့် ညနေပိုင်းတွင် ကျင်းပသော China – Myanmar Economic Corridor Forum များသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး တက်ရောက်ခဲ့ပါသည်။
ဖိုရမ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ Introduction on Investment and Preferential Policy of Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားခဲ့ပါသည်။


